Thursday, November 29, 2012

SMTOWN World Tour 3 in Singapore Review


My Experiences in SMTOWN World Tour 3 in Singapore 




November 20 2012


Stomp Web Page ကမြင်ရတဲ့ အတိုင်းပါပဲ queue စတဲ့နေ့ပါ။ November 17 ပါ။


သိတဲ့အတိုင်းပဲ ... November 17 လောက်ထဲက Esplandae View မှာ လူတွေစပြီး queue နေတဲ့ သတင်းလဲကြားရော မယုံနိုင်လောက်အောင်ကို စိတ်ပျက်သွားတယ်.. တက်လဲတက်နိုင်ကြပါတယ်။ Mass media ကလည်း ဒီ queue ကို ဓာတ်ပုံတွေနဲ့ online မှာ စပြတော့ တော်တော်ကို စိတ်လေသွားပါတယ်။ ဒါ unofficial queue ဆိုတာသိထားပေမယ့် လက်တွေ့မှာ တရားဝင် queue စရင် ငါ့တို့ အထိများနာသွားမလားဆိုတယ်စိတ်နဲ့သွားqueueဖို့ဆုံးဖြတ်လိုက်မိပါတယ်။ ပွဲကြည့်ဖို့အတွက် ပြင်ထားကြတဲ့သူငယ်ချင်းအများစုကလည်း အလုပ်များသူက တစ်ဖက်.. စာမေးပွဲရှိနေတဲ့လူကလည်း တစ်ဖက်ဆိုတော့ လောလောဆယ်အားနေတဲ့ကျွန်တော်က စောစောသွားဖို့ ဆုံးဖြတ်လိုက်တာပါ။  ညနေ ၄နာရီလောက် Esplandae View လည်းရောက်ရော  တော်တော်ကို စိတ်လေသွားပါတယ်။     မြင်ရတာတွေ fan က၆၀လောက်ရှိမယ်။ စိတ်မှန်းနဲ့လည်းတွက်ကြည့်တော့.. ငါတော်တော်ကို နောက်မှလာတာပဲလို့တွေ့မိပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ ကလည်း unofficial queue ဆိုတော့လည်း စိတ်ထဲမှာ သိပ်ပြီး မစိုးရိမ်တဲ့အတွက် Tanah Merah မှာနေတဲ့ သူငယ်ချင်းကခေါ်ထားတော့ ညသွားအိပ်လိုက်တယ်ဗျာ။

--------------------------------------------


November 21 2012

မနက် ၉နာရီလောက် Tanah Merah ကနေ Promenade MRT ကိုလာတော့ .. အထွက်မှာ နည်းနည်းတောင် ကြောင်သွားသေးတယ်။ ဒါတောင် ခဏခဏ part time လုပ်ဖို့လာနေတဲ့ နေရာနားမို့လို့သာပဲ။

Just Outside The Float @Marina Bay


Esplandae View လည်းရောက်ရော မြင်ရတဲ့လူတွေကတော့မနေ့ကလူတွေပါပဲ။ organization ကလည်း ဖြစ်သလိုနေ.. ရာသီဥတုကလည်း ပူဆိုတော့ City hall ကိုသွား မနက်စာစားပြီး.. ဖုန်းထဲကို 3g သုံးနိုင်အောင် ပိုက်ပိုက်ထည့်ပေးရပါသေးတယ်။ ပတ်ဝန်းကျင်အခြေအနေကတော့ ပုံမှန်အတိုင်းပါပဲ။


 Main Stage Construction around afternoon

SM ရဲ့ staff တွေက ဘယ်အချိန်ထဲက ကိုမသိပါဘူး။ ရောက်နေတာ ။ Main stage ကို လုပ်နေတာ ၄၀%  နီးနီးပြီးသွားပါပြီ။ အဲဒီအချိန်မှာ The Float ထဲကို လူနာတင်ကား တစ်စင်းဝင်သွားတာမြင်လိုက်ရပါတယ်။ Staff တစ်ယောက်ယောက်များထိခိုက်သွားတာလား။

နေ့လည် ၃နာရီလည်းကျော်ရော ရာသီဥတု က Singapore ပီသကြောင်းစပြလာပါတယ်။ မိုးကအုပ်ပြီး ရွာမလို လို စဖြစ်လာပါတယ်။ အိမ်မှာ ထီးကိုထားခဲ့မိတာ ဒါအမှားကြီးပါပဲ။

မိုးကလည်းရက်စက်လွန်းပါတယ်။ နေ့လည် ၄နာရီကစပြီးရွာတာ ည ၁၀နာရီဝန်းကျင်မှပဲ တကယ်တိတ်သွားပါတယ်။  တစ်ခါတည်း အများကြီးရွာပြီး ရပ်သွားရင်တော်ပါသေးတယ်။ အခုဟာက မိုးပောက်တွေ တစ်ချိန်လုံးကျနေတာ လူကနည်းနည်းချင်းစီ စိုလိုက် ခြောက်လိုက်နဲ့ မဖျားသွားတာ တကယ်ကို ကံကောင်း။

ည ၉နာရီခွဲ ၀န်းကျင်မှာ ပွဲတူတူကြည့်မယ့် Tiffany(Girls' Generation) ကိုအရမ်းကြိုက်တဲ့ သူငယ်ချင်းရဲ့ သူငယ်ချင်း၂ယောက်လာတော့ နည်းနည်း စိတ်ကပေါ့သွားပါတယ်။ သူတို့လာမှပဲ Esplandae mall ဘေးက ည၈နာရီ က နေ ၂နာရီအထိဖွင့်တဲ့ food court မှာ ထမင်းစားပြီးအေးအေးဆေးဆေးကော်ဖီသောက်နိုင်ပါတယ်။  သူတို့နှစ်ယောက်ကလည်း မျက်နှာစိမ်းတော့မဟုတ်ပါဘူး။ Running Into the Sun headquarter မှာ merchandise ၀ယ်တုံးက သိထားတာဆိုတော့ awkward တော့မဖြစ်ဘူး။ ဒါပေမယ့် အားနာတယ်။ သူတို့ကို ။


အစကတော့ အေးအေးဆေးဆေး ထိုင်သောက်မယ် ကြံပေမယ့် အပြင်မှာ စောင့်နေတဲ့ လူနှစ်ယောက်ကို အားနာတော့ ပြန်ထွက်လာတယ်။ အဲမှာ သူတို့တွေကြည့်နေတဲ့ MBC ရဲ့ Come to Play ကို ဘေးကနေငေးကြည့်ပြီး စဉ်းစားတယ်။ အော် SNSD တောင် variety က မရှိသလောက်ကို နည်းသွားပြီလို့။ အဲဒါ တစ်ညလုံးပဲ ဟိုသွားလိုက် ဒီသွားလိုက် နဲ့ လာမယ်ဆိုပြီး ခပ်တည်တည်နဲ့ရောင်းစားသွားတဲ့ သူငယ်ချင်း (တကယ်တော့အိပ်ပျော်သွားလို့ပါတဲ့)... ကို စောင့်နေမိပါတယ်။ ဘေးက လာစောင့်ပေးတဲ့ ညီမငယ်နှစ်ယောက်ကိုလည်းလေးစားပါတယ်။ ဒီ လောက် devotionပေးနိုင်တာကို က ကြောက်ဖို့ကောင်းလှပါပြီ။






November 22 2012

မနက် ၅နာရီလဲထိုးရော ညက ၉နာရီလာမယ်လို့ပြောတယ့် သူငယ်ချင်းပေါ်လာပါတယ်။ ဒါကိုလေးစားတယ်။ MRT စောင့်လည်းရတဲ့ဟာကို မရမက နှိုး နှိုးချင်းလာပေးတဲ့အတွက်။ ဟို ညီမနှစ်ယောက်လည်း မိုးလင်းတော့ပြန်ပြီး သိပ်မကြာပါဘူး... မနှစ်က Girls' Generation ကြည့်တုံးကပါခဲ့တဲ့ ညီမနောက်တစ်ယောက်ရောက်လာပါတယ်။ အူး... ရာသီဥတုက လည်းလေက တဖြူးဖြူး .. မိုးကလည်းရွာမလိုလို.. မရွာတော့တော့မလိုလိုနဲ့.. တစ်မျိုးကြီးပါပဲ။ မနက် ၁၀နာရီဝန်းကျင်လောက်ထင်ပါရဲ့။ Stage ဘက်မှာ stage techinical rehearsal စလုပ်ပါတယ်။ အသံတွေကလည်း ဟိန်းနေပါတယ်။